Latest Movie :
Recent Movies

Now You See Me



J. Daniel Atlas , Henley Reeves , Jack Wilder , and Merritt McKinney တို့ဟာ ထူးဆန်းတဲ့ Tarot ကတ်ဒ်တွေရဲ့ လမ်းညွှန်မှု က တစ်ဆင့် ဆုံစည်းမိသွားကြတဲ့ မျက်လှည့်စရာလေးယောက်ဖြစ်ပါတယ် ။ 



နောက်တစ်နှစ်အကြာမှာတော့ သူတို့ လေးယောက်ဟာ The Four Horsemen ဆိုပြီး Las Vegas မှာ မျက်လှည့်ပွဲ တစ်ခု ပြသခဲ့ကြပါတယ် ။ မျက်လှည့်ပွဲရဲ့ နောက်ဆုံးမှာတော့ ပရိသတ်တစ်ယောက်ကို စင်ပေါ်ကို တက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ။ ပြကွက်ကတော့ ပရိသတ်ကို လေပြွန်တစ်ခုထဲကို ထည့်လိုက်ပြီး Paris က ဘဏ်တစ်ခုဆီကို ရောက်သွားစေပါတယ် ။ အဲ့ဒီ့နောက်မှာတော့ အဲ့ဒီဘဏ်က ပိုက်ဆံတွေကို Las Vegas က ပြပွဲဆီ ပြန်သယ်လာပြီး ပရိသတ်တွေထဲကို ကျဲချလိုက်ပါတော့တယ် ။


ဒီကိစ္စကို သိရှိသွားတဲ့ FBI စုံထောက် Dylan Rhodes နဲ့  အင်တာပို Agent Alma Dray တို့ဟာ သူတို့ လေးယောက်ကို လာရောက်ဖမ်းဆီး ပြီး စစ်ဆေးပါတော့တယ် ။ ဒါပေမယ့် မှော်ပညာ လို့အကြောင်းပြရုံမှ တပါး ခိုင်လုံတဲ့ သက်သေအထောက်အထားတစ်ခုမှ မရှိတဲ့ အတွက် သူတို့ လေးယောက်ကို ပြန်ပြီး လွှတ်ပေးလိုက်ရပါတော့တယ် ။

အဲ့ဒီ့အချိန်မှာပဲ Rhodes ဟာ Thaddeus Bradley လို့ ခေါ်တဲ့ မျက်လှည့် ဆရာဟောင်း တစ်ယောက်နဲ့ ဆုံမိပါတော့တယ် ။ Thaddeus Bradley ဟာ မျက်လှည့်ဆရာတွေ ပြသတဲ့ မျက်လှည့်ပြကွက်တွေရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြီး အသက်မွေးဝမ်းကြောင်းပြနေသူပါ ။



အဲ့ဒီ့နောက်မှာတော့ Rhodes , Dray နဲ့  Bradley တို့ဟာ The Four Horsemen ရဲ့ ဒုတိယ ပွဲဖြစ်တဲ့ New Orlens က ပွဲကို သွားပြီး ကြည့်ရှုကြပါတော့တယ် ။ အဲ့ဒီပွဲမှာလည်း ထုံးစံအတိုင်း နောက်ဆုံး ပြကွက်အနေနဲ့  
Tressler ဘဏ်က ငွေတွေကို ဖောက်ထွင်းပြီး ပရိသတ်တွေဆီကို ကြဲချလိုက်ပြန်ပါတယ် ။

ပြပွဲအပြီးမှာ Rhodes ဟာ The Four Horsemen အဖွဲ့ဝင်တွေအားလုံးကို Tressler ဘဏ်ဖောက်ထွင်းမှု နဲ့ ဖမ်းဆီးလိုက်ပါတယ် ။ ဒါပေမယ့်လည်း The Four Horsemen လေးယောက်လုံး လွတ်မြောက်သွားပါတယ် ။
နောက်ဆုံးမှာတော့ The Four Horsemen ရဲ့ နောက်ကွယ်မှာ The Eye ဆိုတဲ့ လျှို့ဝှက် မှော်ဂိုဏ်း တစ်ခု ရှိနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားပါတယ် ။ 

ဒီလိုနဲ့  The Four Horsemen ရဲ့ နောက်ဆုံး ပြပွဲဖြစ်တဲ့ New York ပွဲ ရောက်ရှိလာပါတယ် ။
Rhodes , Dray
နဲ့   Bradley တို့ကလည်း The Four Horsemen ကို ဖမ်းဆီးဖို့ အသင့်ဖြစ်နေပါပြီ ။
ကဲ The Four Horsemen အဖမ်းခံရမှာလား?
အဖမ်းမခံဘဲ လွတ်သွားဦးမှာလား ?

ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ခုပါ ။










Upside Down


Adam ဆို တဲ့ ကောင်လေးတစ်ယောက် က သူ့ ဂြိုလ် အကြောင်းကို ပြန်ပြောပြနေတဲ့ ပုံနဲ့  ဇာတ်လမ်းကို စထားပါတယ် ။ တခြား ဂြိုလ်တွေနဲ့ မတူပဲ သူတို့ ဂြိုလ်ဟာ မြေဆွဲအား နှစ်ခု ရှိနေခြင်းပါပဲ ။


အပေါ်မှာ နေတဲ့သူတွေက တော့ ချမ်းသာတယ် ။ ဂုဏ်ရှိတယ် ။ အောက်ဖက်မှာ နေတဲ့လူတွေကတော့ ဆင်းရဲတယ် ။ မျက်နှာမွဲတွေပေါ့ ။ အဲ့ဒီ့ ကမ္ဘာ နှစ်ခုဟာ တစ်ဘက်ကနေ တစ်ဖက်လည်း ကူးလူးသွားလာလို့ မရပါဘူး ။ Adam ကတော့ အောက်ဖက်မှာ နေတဲ့ လူတွေထဲက လူငယ်လေး တစ်ယောက်ပါ ။ တနေ့ Adam ဟာ နှစ်ကမ္ဘာ အနီးစပ်ဆုံးဖြစ်တဲ့ တောင်ထိပ်ကို တက်သွားရင်း Eden ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မိပြီး ချစ်ကြိုက်သွားပါတယ် ။ 


တနေ့မှာတော့ အောက်ကမ္ဘာခြမ်းကလူတွေဟာ Adam နဲ့  Eden ကို တွေ့ပြီး ပစ်ခတ်တိုက်ခိုက်လာတာကြောင့် Eden ထိခိုက်ဒဏ်ရာရသွားပါတယ် ။ Eden သေဆုံးပြီလို့မှတ်ယူသွားတဲ့ Adam ဟာ တစ်နေ့ မှာတော့ မမျှော်လင့်ပဲ Eden ကို TV ထဲမှာ မတော်တဆ တွေ့လိုက်ရတဲ့အခါမှာ..?

Eden နဲ့  Adan တို့ပေါင်းကြပါ့မလား ?
ကံတရားကြီးကကော မျက်နှာသာပေးပါ့မလား ?
ဆက်စပ်လို့ မရတဲ့ ကမ္ဘာ နှစ်ခုကနေ ဘယ်လိုများဆုံစည်းကြပါ့မလဲ ? 

ဆိုတဲ့ မေးခွန်းတွေနဲ့ အတူ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ခုပါ ။




Pacific Rim




သိပ်မကွာတော့တဲ့ အနာဂတ်တစ်ခုမှာ လူသား မျိုးနွယ်စုဟာ Kaijus လို့ ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ် ။ အဲ့ဒီ့ ဂြိုလ်သားတွေကို တိုက်ခိုက်ဖို့အတွက် Jaegers လို့ ခေါ်တဲ့ စက်ရုပ်ကြီးတွေကို တည်ဆောက်ခဲ့ကြပါတယ် ။ Jaegers စက်ရုပ်ကြီးတွေကို လူသားတွေရဲ့  ဦးနှောက်နဲ့ ချိတ်ဆက်ပြီး ထိန်းချုပ် ခိုင်းစေရပါတယ် ။ Jaegers တွေဟာ Kaijus တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးဝင်လှပေမယ့် သက်ဆိုင်ရာ အစိုးရတွေက Jaeger Project ကို ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ် ။ နောက်ဆုံးသော Jaegers လေးရုပ်ဟာ Hong Kong မှာရှိပါတယ် ။ 




တိုက်ပွဲ တစ်ခု အတွင်း သူ့အကို သေဆုံး ပြီးနောက် Jaegers တွေရဲ့  Pilot တစ်ယောက်အဖြစ်မှ အနားယူခဲ့တဲ့ Raleigh Becket ဟာ တာဝန်ရှိသူ တစ်ဦးရဲ့ ဖိတ်ခေါ်မှု နဲ့ အတူ နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ Jaegers တစ်ကောင်ကို ကိုင်တွယ်ဖို့  ပြန်လည် ရောက်ရှိလာပါတယ် ။ ဒီတစ်ခေါက် သူ့ရဲ့ တွဲဖက် Pilot ကတော့ ယောကျာင်္းလေးတစ်ယောက်မဟုတ်ပဲ Mako Mori ဆိုတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပါတယ် ။ Mako Mori ဟာ ငယ်စဉ်က Kaiju တစ်ကောင်ရဲ့ တိုက်ခိုက်မှု အောက်ကို ရောက်ဖူးခဲ့ရာက ရရှိလာတဲ့ စိတ်ဒဏ်ရာကြောင့် Jaeger ကို ထိန်းချုပ်ရာမှာ အခက်အခဲ အနည်းငယ်ရှိသူလည်းဖြစ်ပါတယ် ။ 


အဲ့ဒီ့ အချိန်မှာပဲ Newton Geiszler ဆိုတဲ့ သိပ္ဗံပညာရှင်တစ်ယောက်ဟာ Kaiju တွေရဲ့  ဦးနှောက်ထဲကို ၀င်ပြီး ကြည့်ရှုနိုင်တဲ့ စက်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် ။ အဲ့ဒီ့ စက်ကို သုံးပြီး Newton Geiszler ဟာ Kaiju တွေကို ခြေမှုန်းနိုင်မယ့် Kaiju တွေရဲ့မူလ ရင်းမြစ်ကို ရှာတွေ့ ခဲ့ပါတယ် ။



ကဲ အင်အားကြီးမားလှတဲ့ Kaiju တွေကို ခြေမှုန်းနိုင်ပါ့မလား
Newton Geiszler ရဲ့  စက်ကကော ယုံကြည်ရပါ့မလား ?

ဟာ ခနဲ ဟင် ခနဲ နေအောင် ကြည့်ရမယ့် Animation ဇာတ်လမ်း သိပ္ဗံ ကား တစ်ခုဖြစ်ပါတယ် ။



IMDB Rate ကလည်း 7.8 ဆိုတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်း ကြည့်ဖို့ တိုက်တွန်းလိုပါတယ် ။ 






Copy Right by Movie Relaz. Powered by Blogger.
 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Relaz - All Rights Reserved
Template Created by Creating Website Published by Mas Template Trickolla
Proudly powered by Blogger