Latest Movie :

Now You See Me



J. Daniel Atlas , Henley Reeves , Jack Wilder , and Merritt McKinney တို့ဟာ ထူးဆန်းတဲ့ Tarot ကတ်ဒ်တွေရဲ့ လမ်းညွှန်မှု က တစ်ဆင့် ဆုံစည်းမိသွားကြတဲ့ မျက်လှည့်စရာလေးယောက်ဖြစ်ပါတယ်  



နောက်တစ်နှစ်အကြာမှာတော့ သူတို့ လေးယောက်ဟာ The Four Horsemen ဆိုပြီး Las Vegas မှာ မျက်လှည့်ပွဲ တစ်ခု ပြသခဲ့ကြပါတယ် မျက်လှည့်ပွဲရဲ့ နောက်ဆုံးမှာတော့ ပရိသတ်တစ်ယောက်ကို စင်ပေါ်ကို တက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်  ပြကွက်ကတော့ ပရိသတ်ကို လေပြွန်တစ်ခုထဲကို ထည့်လိုက်ပြီး Paris က ဘဏ်တစ်ခုဆီကို ရောက်သွားစေပါတယ် အဲ့ဒီ့နောက်မှာတော့ အဲ့ဒီဘဏ်က ပိုက်ဆံတွေကို Las Vegas က ပြပွဲဆီ ပြန်သယ်လာပြီး ပရိသတ်တွေထဲကို ကျဲချလိုက်ပါတော့တယ်


ဒီကိစ္စကို သိရှိသွားတဲ့ FBI စုံထောက် Dylan Rhodes နဲ့  အင်တာပို Agent Alma Dray တို့ဟာ သူတို့ လေးယောက်ကို လာရောက်ဖမ်းဆီး ပြီး စစ်ဆေးပါတော့တယ် ဒါပေမယ့် မှော်ပညာ လို့အကြောင်းပြရုံမှ တပါး ခိုင်လုံတဲ့ သက်သေအထောက်အထားတစ်ခုမှ မရှိတဲ့ အတွက် သူတို့ လေးယောက်ကို ပြန်ပြီး လွှတ်ပေးလိုက်ရပါတော့တယ်

အဲ့ဒီ့အချိန်မှာပဲ Rhodes ဟာ Thaddeus Bradley လို့ ခေါ်တဲ့ မျက်လှည့် ဆရာဟောင်း တစ်ယောက်နဲ့ ဆုံမိပါတော့တယ် Thaddeus Bradley ဟာ မျက်လှည့်ဆရာတွေ ပြသတဲ့ မျက်လှည့်ပြကွက်တွေရဲ့ လျှို့ဝှက်ချက်တွေကို ထုတ်ဖော်ပြီး အသက်မွေးဝမ်းကြောင်းပြနေသူပါ



အဲ့ဒီ့နောက်မှာတော့ Rhodes , Dray နဲ့  Bradley တို့ဟာ The Four Horsemen ရဲ့ ဒုတိယ ပွဲဖြစ်တဲ့ New Orlens က ပွဲကို သွားပြီး ကြည့်ရှုကြပါတော့တယ် အဲ့ဒီပွဲမှာလည်း ထုံးစံအတိုင်း နောက်ဆုံး ပြကွက်အနေနဲ့  
Tressler ဘဏ်က ငွေတွေကို ဖောက်ထွင်းပြီး ပရိသတ်တွေဆီကို ကြဲချလိုက်ပြန်ပါတယ်

ပြပွဲအပြီးမှာ Rhodes ဟာ The Four Horsemen အဖွဲ့ဝင်တွေအားလုံးကို Tressler ဘဏ်ဖောက်ထွင်းမှု နဲ့ ဖမ်းဆီးလိုက်ပါတယ် ဒါပေမယ့်လည်း The Four Horsemen လေးယောက်လုံး လွတ်မြောက်သွားပါတယ်
နောက်ဆုံးမှာတော့ The Four Horsemen ရဲ့ နောက်ကွယ်မှာ The Eye ဆိုတဲ့ လျှို့ဝှက် မှော်ဂိုဏ်း တစ်ခု ရှိနေတယ်ဆိုတာကို ရှာဖွေတွေ့ရှိသွားပါတယ်  

ဒီလိုနဲ့  The Four Horsemen ရဲ့ နောက်ဆုံး ပြပွဲဖြစ်တဲ့ New York ပွဲ ရောက်ရှိလာပါတယ်
Rhodes , Dray
နဲ့   Bradley တို့ကလည်း The Four Horsemen ကို ဖမ်းဆီးဖို့ အသင့်ဖြစ်နေပါပြီ
ကဲ The Four Horsemen အဖမ်းခံရမှာလား?
အဖမ်းမခံဘဲ လွတ်သွားဦးမှာလား ?

ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ခုပါ










Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Relaz - All Rights Reserved
Template Created by Creating Website Published by Mas Template Trickolla
Proudly powered by Blogger