Latest Movie :

Upside Down


Adam ဆို တဲ့ ကောင်လေးတစ်ယောက် က သူ့ ဂြိုလ် အကြောင်းကို ပြန်ပြောပြနေတဲ့ ပုံနဲ့  ဇာတ်လမ်းကို စထားပါတယ် ။ တခြား ဂြိုလ်တွေနဲ့ မတူပဲ သူတို့ ဂြိုလ်ဟာ မြေဆွဲအား နှစ်ခု ရှိနေခြင်းပါပဲ ။


အပေါ်မှာ နေတဲ့သူတွေက တော့ ချမ်းသာတယ် ။ ဂုဏ်ရှိတယ် ။ အောက်ဖက်မှာ နေတဲ့လူတွေကတော့ ဆင်းရဲတယ် ။ မျက်နှာမွဲတွေပေါ့ ။ အဲ့ဒီ့ ကမ္ဘာ နှစ်ခုဟာ တစ်ဘက်ကနေ တစ်ဖက်လည်း ကူးလူးသွားလာလို့ မရပါဘူး ။ Adam ကတော့ အောက်ဖက်မှာ နေတဲ့ လူတွေထဲက လူငယ်လေး တစ်ယောက်ပါ ။ တနေ့ Adam ဟာ နှစ်ကမ္ဘာ အနီးစပ်ဆုံးဖြစ်တဲ့ တောင်ထိပ်ကို တက်သွားရင်း Eden ဆိုတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့မိပြီး ချစ်ကြိုက်သွားပါတယ် ။ 


တနေ့မှာတော့ အောက်ကမ္ဘာခြမ်းကလူတွေဟာ Adam နဲ့  Eden ကို တွေ့ပြီး ပစ်ခတ်တိုက်ခိုက်လာတာကြောင့် Eden ထိခိုက်ဒဏ်ရာရသွားပါတယ် ။ Eden သေဆုံးပြီလို့မှတ်ယူသွားတဲ့ Adam ဟာ တစ်နေ့ မှာတော့ မမျှော်လင့်ပဲ Eden ကို TV ထဲမှာ မတော်တဆ တွေ့လိုက်ရတဲ့အခါမှာ..?

Eden နဲ့  Adan တို့ပေါင်းကြပါ့မလား ?
ကံတရားကြီးကကော မျက်နှာသာပေးပါ့မလား ?
ဆက်စပ်လို့ မရတဲ့ ကမ္ဘာ နှစ်ခုကနေ ဘယ်လိုများဆုံစည်းကြပါ့မလဲ ? 

ဆိုတဲ့ မေးခွန်းတွေနဲ့ အတူ ကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ခုပါ ။




Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Relaz - All Rights Reserved
Template Created by Creating Website Published by Mas Template Trickolla
Proudly powered by Blogger