Latest Movie :

Pacific Rim




သိပ်မကွာတော့တဲ့ အနာဂတ်တစ်ခုမှာ လူသား မျိုးနွယ်စုဟာ Kaijus လို့ ခေါ်တဲ့ ဂြိုလ်သားတွေရဲ့ တိုက်ခိုက်မှုကို ခံနေရပါတယ် ။ အဲ့ဒီ့ ဂြိုလ်သားတွေကို တိုက်ခိုက်ဖို့အတွက် Jaegers လို့ ခေါ်တဲ့ စက်ရုပ်ကြီးတွေကို တည်ဆောက်ခဲ့ကြပါတယ် ။ Jaegers စက်ရုပ်ကြီးတွေကို လူသားတွေရဲ့  ဦးနှောက်နဲ့ ချိတ်ဆက်ပြီး ထိန်းချုပ် ခိုင်းစေရပါတယ် ။ Jaegers တွေဟာ Kaijus တွေကို တိုက်ခိုက်တဲ့နေရာမှာ အသုံးဝင်လှပေမယ့် သက်ဆိုင်ရာ အစိုးရတွေက Jaeger Project ကို ဆက်မလုပ်ဖို့ တားမြစ်လိုက်ပါတယ် ။ နောက်ဆုံးသော Jaegers လေးရုပ်ဟာ Hong Kong မှာရှိပါတယ် ။ 




တိုက်ပွဲ တစ်ခု အတွင်း သူ့အကို သေဆုံး ပြီးနောက် Jaegers တွေရဲ့  Pilot တစ်ယောက်အဖြစ်မှ အနားယူခဲ့တဲ့ Raleigh Becket ဟာ တာဝန်ရှိသူ တစ်ဦးရဲ့ ဖိတ်ခေါ်မှု နဲ့ အတူ နောက်ဆုံး ကျန်ရစ်ခဲ့တဲ့ Jaegers တစ်ကောင်ကို ကိုင်တွယ်ဖို့  ပြန်လည် ရောက်ရှိလာပါတယ် ။ ဒီတစ်ခေါက် သူ့ရဲ့ တွဲဖက် Pilot ကတော့ ယောကျာင်္းလေးတစ်ယောက်မဟုတ်ပဲ Mako Mori ဆိုတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပါတယ် ။ Mako Mori ဟာ ငယ်စဉ်က Kaiju တစ်ကောင်ရဲ့ တိုက်ခိုက်မှု အောက်ကို ရောက်ဖူးခဲ့ရာက ရရှိလာတဲ့ စိတ်ဒဏ်ရာကြောင့် Jaeger ကို ထိန်းချုပ်ရာမှာ အခက်အခဲ အနည်းငယ်ရှိသူလည်းဖြစ်ပါတယ် ။ 


အဲ့ဒီ့ အချိန်မှာပဲ Newton Geiszler ဆိုတဲ့ သိပ္ဗံပညာရှင်တစ်ယောက်ဟာ Kaiju တွေရဲ့  ဦးနှောက်ထဲကို ၀င်ပြီး ကြည့်ရှုနိုင်တဲ့ စက်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် ။ အဲ့ဒီ့ စက်ကို သုံးပြီး Newton Geiszler ဟာ Kaiju တွေကို ခြေမှုန်းနိုင်မယ့် Kaiju တွေရဲ့မူလ ရင်းမြစ်ကို ရှာတွေ့ ခဲ့ပါတယ် ။



ကဲ အင်အားကြီးမားလှတဲ့ Kaiju တွေကို ခြေမှုန်းနိုင်ပါ့မလား
Newton Geiszler ရဲ့  စက်ကကော ယုံကြည်ရပါ့မလား ?

ဟာ ခနဲ ဟင် ခနဲ နေအောင် ကြည့်ရမယ့် Animation ဇာတ်လမ်း သိပ္ဗံ ကား တစ်ခုဖြစ်ပါတယ် ။



IMDB Rate ကလည်း 7.8 ဆိုတော့ လုံးဝ ၁၀၀ ရာခိုင်နှုန်း ကြည့်ဖို့ တိုက်တွန်းလိုပါတယ် ။ 






Share this article :

Post a Comment

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. Movie Relaz - All Rights Reserved
Template Created by Creating Website Published by Mas Template Trickolla
Proudly powered by Blogger